Wednesday 23 November 2011

ကြေးကြီးမလိုတဲ့ဆေးမြီးတို

ဟုတ်ပါတယ်။
ကြေးကြီးမလိုတဲ့ဆေးမြီးတိုပါ။
လူကုံထန်အသိုင်းအဝိုင်းများက ရောဂါတစ်ခုဖြစ်လာပြီဆိုရင် နာမည်ကြီးဆရာဝန်၊ဆေးခန်းပြမှ ကောင်းတယ်။ကြေးကြီးကြီးပေးရမှ ရောဂါမြန်မြန်
ပျောက်တယ်လို.ထင်နေကြတယ်။
No...
တစ်ချို.ဆေးမြီးတို တွေက အချိန်မကုန် ငွေမကုန်ပဲနဲ. အဲဒီ အထူးကု၊special clink တွေထက်ကို လေးငါးဆလောက် အစွမ်းထက်မြက် နေပါတယ်။
ကျွန်တော့်လို ရေခြားမြေခြား တိုင်းတစ်ပါးမှာ စက္ကန်. နှင့်အမျှ စီးပွါးရှာနေကြရတဲ့ ညီအစ်ကို မောင်နှစ်မများ အတွက်....


                     ကြေးကြီးမလိုတဲ့ ဆေးမြီးတို

၁။မကြာခဏသွားနာ၊သွား ကိုက်တတ်သူ၊သွားဖုံးရောင်တတ်သူများ
   သွားကိုက်တော့မည်ဆိုလျှင် သွားခြေသွားဖုံးမှ စတင်နာတတ်ပါတယ်။
   အဲသည်လို နာလာပြီဆိုရင် အိပ်ရာမဝင်ခင် သွားကိုပြောင်စင်အောင် တိုက်ပါ။
   ထို.နောက် သွားတိုက်ဆေး(ဖလိုရိုက် ဖြင့်ဖော်စပ်ပြီး အနံ.အရသာမရှိသော)ကို
   သွားနာသည့်နေရာ(သွားပေါက်ရှိပါက သွားပေါက်ထဲ)သို. ထည့် အိပ်ပါ။
   မနက်မိုးလင်း သွားမကိုက်တော့ပဲ သွားနာခြင်းပင် ပျောက်ကင်းသွားကြောင်း
   လက်တွေ.ခံစားသိရှိပြီးမှ.....
   သင်...ကြေနပ်စွာပြုံးလိုက်ပါ...!

၂။ဝမ်းချုပ်တတ်သူများ၊ချွေးနံ.၊ကိုယ်နံ.မကောင်းသူများ
   ဓါတ်ကြီးလေးပါးမညီမျှ၍ မကြာခဏဆိုသလို ဓါတ်ချုပ်တတ်သူများ၊
   ခန္ဓာကိုယ်မှထွက်သော ချွေးနံ.မကောင်းသူများ၊ရေမွှေးဝယ်သလောက်
   မလောက်သူများ ဆနွင်း တစ်ဇွန်းခွဲ(လက်ဖက်စားဇွန်းအသေးနှင့် ပြည့်ပြည့်)၊
   ဆား ဇွန်းဝက်(လက်ဖက်စားဇွန်းအသေးနှင့် တစ်ဝက်) ရေအေးနှင့်ပျစ်ပျစ်ဖျော်
   ကာ ညအိပ်ရာမဝင်ခင် သောက်ပါလေ။
   မနက်မိုးလင်း ဓါတ်ပျော့ပျော့များ အားရပါးရ သွားအပြီး ရေချိုးလိုက်ပါ။
   ထို.နောက် ရေမွှေး၊ပေါင်ဒါ၊အမွှေးနံ.သာပစ္စည်းများ အမှိုက်ပုံးထဲထည့်၊
   ခေါင်းမော့ ရင်ကော့ လက်ပိုက်၍...
   သင်...ကြေနပ်စွာပြုံးလိုက်ပါ...!

No comments:

Post a Comment

Print Friendly and PDF