Tuesday 8 November 2011

ရီ..ရဘူးနော်..

..................မောင်........................

အဲဒီနေ့က ကျွန်မ ဘ၀အတွက် အပျော်ဆုံးနေ့ပါ....ကျမအချစ်ကို ရှာဖွေတွေ့ရှိတဲ့နေ့ဆိုလည်း မမှားပါဘူး...

မှတ်မိသေးတယ် စိုင်းစိုင်း သီးချင်းကလို အဲဒီနေ့ကမိုးမရွာဘူး.....



သူကျမတို့ကျောင်းကို စပြောင်းလာတဲ့ နေ့လေးပေါ့.အဲဒီနေ့သူ သူအင်္ကျီအဖြူဝတ်ထားတော့ အောင်ရဲလင်းတို့ ချောသလို သန့်သလို ဖြူဖြူစင်စင် သန့်သန့်ပြန့်ပြန့်လေးနဲဆိုတော့ ဒီရင်ဘက်ကြီးကို ဆွဲဆောင်သွားတယ်လေ....။။




ကျမနဲမေဂျာတူနေတာဆိုတော့ တက်ရတဲ့အခန်းလည်းတူတာပေါ့..ကျမလေ ဆရာတွေစာသင်ချိန်မှာတောင် သူကိုခိုးခိုးကြည့်ပြီ တိုးတိုးလေးချစ်နေရသူပါ...သူကတော့ ကျမ ကိုရှိတယ်လိုတောင် ထင်မှာမဟတ်ုပါဘူး.....ကျမကိုမှမဟတ်ုပါဘူး...ဘယ်မိန်းခလေးကိုမှ ရှိတယ်လိုထင်တာမဟတ်ုပါဘူး... ကျမလည်း ဒါလေးကိုပဲ ချစ်နေမိတာပါ...



သူ့ကိုလေ တခြားမေဂျာက ကောင်မလေးတွေလာကြောင်ကြသေးတယ်..မြွေမြွေခြင်းဆိုတော့ ခြေမြင်တာပေါ့လေ..သူတို့လည်း ကျမရင်ထဲကမောင်ရဲ အချစ်ကို လိုချင်နေကြတာလေ ကျမမသိဘူးများ ထင်နေသလား..ကျမလက်ဦးမှ ဖြစ်မှာပေါ ကျမဘယ်လိုလုပ်ရမလဲ..။။။



အင်း............ရေလာမြောင်ပေးပေါ့..မိန်းခလေးတန်မဲ့ သူကိုရေလာမြောင်လေးလုပ်မိပါတယ်...နေ့ခင်းဘက်မှာတောင် သူတိုင်တဲ့ ခုံ၇ဲ အရှေ့စားပွဲဝိုင်းမှာ ၀င်ထိုင်ပြီး သူမျက်နှာကို ငေးကြည့် ဒါကျမနေစဉ် လုပ်နေတဲ့ လုပ်စဉ်တစ်ခုဖြစ်ပေမယ် .သူကတော့ သတိထားမိ ပုံမပေါ်ဘူး ဒီလိုနဲ စာသင်နှစ် တစ်နှစ်ကုန်တော့မယ် အဖြေအနေ တိုးတက်လာမူမရှိဘူး...



ကျမချစ်တဲ့မောင်ရေ မောင်မှာချစ်တက်တဲ နှလုံးသားရော ရှိသေးရဲလား.မောင် မိန်ခလေးဘ၀ကိုရော အားမနာတော့ဘူးလား..မောင်ကိုချစ်တယ် မောင်ရယ်....



ဘာဖြစ်ဖြစ် မောင်ရယ် မောင်ရဲအချစ်ကို ကျမ ရမှဖြစ်မယ်...ဒီနေ့ကျောင်းတက်ရမှာ နောက်ဆုံးနေ့လေ...ဒီနေ့ကျောင်းတက်ပြီရင် စာမေးပွဲဖြေ စာသင်နှစ်ကလည်း နောက်ဆုံးနှစ်ဆိုတော့ မောင်မျက်နှာလေးကိုအမြဲတွေရဖို့ မောင်အချစ်ကို ကျမရမှ ဖြစ်မယ်..မောင် ချစ်တယ်မပြောရင် ကျမ မောင်ကိုချစ်တယ်လို မိန်မသားတန်မဲ လာပြောရလိမ့်မယ်မောင်..



ရည်ရွယ်ချက်တွေ အကောင်အထည်ဖော်ဖို့ မောင် တက်လာနေတဲ့ လမ်းကနေ ကျမ မောင်ကိုစောင့်နေမိတယ်..ဒီနေမှ မောင်ရယ် နောက်ကျလိုက်တာ လာပါတော့ ဟော့ ဟိုမှာ မောင်လာနေပြီ...အရင်က မောင်ဘေးမှာ အဖော်တစ်ယောက်ပါနေကြ ဒီတော့တော့ ကံကြမ္မာက ကိုယ့်ဘက်က လိုက်နေလိုလား မောင်တစ်ယောက်တည်း မောင်ရေ မောင်ကိုကျမချစ်တယ် ကျမဘယ်လိုပြောရမလဲ ကျမတစ်ခုခု ဖြစ်ဟန်ဆောင်လိုက်တယ်...

''ဟိတ်....တို့ကိုတစ်ခုကူညီပါလား''

မောင်လှည့်ကြည့်လိုက်တယ် ကျမနှလုံးသားတွေ အရည်ပျော်ကုန်ပါပြီ မောင်ရယ်..ဒါပေမယ့် မောင်က ဒီအတိုင်းပဲ လှည့်ထွက်သွားတယ် ရက်စက်လိုက်တာမောင်ရယ်...ဘာဖြစ်ဖြစ် မောင်ကိုကျမချစ်နေကြောင်း မောင်သိအောင် ၀န်ခံရတော့မယ်.။။



''''''''''''''''''မောင်''''''''''''''''''''''''''''''''''''

မောင်ကျမကိုအပြုံတစ်ခု လက်ဆောင်ပေးလိုက်တယ်..မောင် ကျမကိုရက်ရက်စက်စက် စကားတစ်ခွန်းပြောပြီ လှည့်ထွက်သွားတယ်....



မောင်ရက်စက်တယ် မောင်ပြောရက်တယ် မောင်ပြောထွက်တယ် မောင် မောင် ကျမ ကိုဒီလိုမပြောသင့်ဘူး..

မောင်စကားတွေ ကျမနားကမထွက်တော့ဘူး...........ကျမအသည်းကိုခွဲတဲ့ မောင်ပြောတဲ့ စကားလေးက



..............ကျောင်းနောက်ကျရတဲ့ အထဲ ဒီအခြောက်က တစ်မျိုး............





မရီရဘူးနော်......

No comments:

Post a Comment

Print Friendly and PDF