Tuesday 8 November 2011

ရယ်ချင်ရင်ဖတ်ကြည့်ကြနော်။

ဇနီးများအကြောင်း
မိတ်ဆွေနှစ်ဦး ဆုံတွေ့ပြီး စားသောက်ဆိုင်၌ ၎င်းတို့၏ ဇနီးများအကြောင်းကို အောက်ပါအတိုင်း ရင်ဖွင့်လျက်ရှိသည်။
ပထမမိတ်ဆွေ ။ ။ စိတ်ညစ်တယ်ဗျာ။
ဒုတိယမိတ်ဆွေ ။ ။ ဘာဖြစ်လို့လဲ။
ပထမမိတ်ဆွေ ။ ။ ကျွန်တော့် မိန်းမက အရင်ယောက်ျားအကြောင်းချည်းပဲ တမ်းတပြောနေတာ သည်းမခံနိုင်တော့ဘူး
ဒုတိယမိတ်ဆွေ ။ ။ အင်း ….. ခင်ဗျားက တော်ပါသေးတယ်ဗျာ ……… ကျွန်တော့်အဖြစ်က ပိုဆိုးတယ်ဗျ။
ပထမမိတ်ဆွေ ။ ။ ပြောစမ်းပါဦး
ဒုတိယမိတ်ဆွေ ။ ။ ကျွန်တော့်မိန်းမက နောက်ယူမယ့်ယောက်ျားအကြောင်းကိုချည်း ပြောနေတာမို့ အခုအိမ်က ထွက်လာတာ ………
ပထမမိတ်ဆွေ ။ ။ “ဗျာ”

ဘာကြီးမှန်းမသိဘူး
ကွန်မြူနစ်ရိုမေးနီးယားရှိကြက်ခြံတစ်ခြံမှာ ကြက်တွေအတွက် လိုအပ်တဲ့အစားအစာ
လုံလုံလောက်လောက် မပေးနိုင်လို့ ကြက်တွေက ကြက်ဥတွေ မဥတာကြာပါပြီ။ အဲဒီလိုဖြစ်နေတုန်းမှာ ကြက်မတစ်ကောင်က ထူးထူးခြားခြား ကြက်ဥတစ်လုံး ဥချလိုက်ပါတယ်။ ကြက်မတွေအကြား လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ ကြက်မတွေ ကိုယ်တိုင်က ကြက်ဥကိုမှ မမြင်ဖူးကြဘဲ။
‘ဒါဘာကြီးလဲ’လို့ ကြက်မအုပ်ထဲက ကြက်မတစ်ကောင်က မေးတယ်။
“အေး..ကျုပ်လည်းမသိပါဘူးတော်။ ဝုန်းဒိုင်းကြီး ဟောဒီကနေထွက်ကျလာတာပဲ”

အတူတူနဲ့ အနူနူ
၁၉၅၆ခုနှစ် ဟန်ဂေရီတော်လှန်ရေးပြီးနောက် ဆိုဗီယက်တင့်ကားတွေက ဟန်ဂေရီထဲကနေ ထွက်သွားပါတယ်။ ဟတ်ဂေရီတွေက လွတ်လပ်ပြီဆိုပြီး ပျော်မြူးလို့မဝဖြစ်နေတုန်းမှာပဲ တင့်ကားတွေက ပြန်ဝင်လာပါတယ်။ လူတွေက ထွက်ပြေးကြတယ်။ လူတွေတင်မက တိရစ္ဆာန်တွေပါ ထွက်ပြေးကြတယ်။ ယုန်တွေ၊ လင်းယုန်တွေ၊ မြွေတွေ၊ အစုံပါပဲ။
‘ပြေးကြဟေ့။ ပြေးနိုင်မှလွတ်မဟေ့’လို့ တိရစ္ဆာန်တွေက အချင်းချင်းအော်ကြတယ်။ အဲဒီအချိန်မှာပြေးနေတဲ့မြေခွေးက ဖြုန်းဆိုပြေးရင်ကနေ ရပ်ပစ်လိုက်တယ်။
“ဟေ့-ခဏနေဦး။ ကွန်မြူနစ်တွေက နီတယ်။ ငါလည်း နီတယ်။ သူတို့က ကောက်ကျစ်စဉ်းလဲတယ်။ ငါလည်း ကောက်ကျစ်စဉ်းလဲတယ်။ သူတို့လက်အောက်မှာ ငါအနေချောင်နိုင်တယ်။ မပြေးတော့ဘူး”
ဒေါသထိန်းနည်း
ယောက်ျားဖြစ်သူက မိန်းမကိုမေးတယ်။
"နင့်ကိုငါ စိတ်ညစ်အောင်လုပ်တာတောင် နင်ပြန်မငြင်းခဲ့ဘူးနော်!
နင့်ဒေါသကို နင်ဘယ်လို ထိန်းခဲ့တာလဲ!"
"ငါ အိမ်သာသွားဆေးတယ်လေ"
"ထူးလို့လား?"
"ထူးတာပေါ့။ နင့်ရဲ့သွားတိုက်တံနဲ့ ဆေးတာလေ"

ပါးနပ်သူ

စစ်သားစုဆောင်းရေးတွင် တာဝန်ခံဗိုလ်ကြီးဖြစ်သူက သွက်လက်ဖျတ်လတ်ပြီး ပါးနပ်ပုံရသော စစ်သားလောင်းအား မေးခွန်းထုတ်လိုက်သည်။
“မြန်မာ့စစ်သူရဲကောင်းတွေထဲက မင်းလေးစားတဲ့ သူရဲကောင်းသုံးဦးကို ပြောပြစမ်း”
“မဟာဗန္ဓုလရယ်၊ ဗိုလ်ချုပ်အောင်ဆန်းရယ်၊ အဲ . . နောက် ဟောဒီက ဗိုလ်ကြီးနာမည်လေး သိပါရစေ ဗိုလ်ကြီး”

နမူနာပါပဲ

ဆရာမတစ်ဦးသည် ပူခြင်း၊ အေးခြင်းအကြောင်း ရှင်းပြပြီးနောက် တပည့်များ မည်မျှနားလည်သည်ကို သိချင်သဖြင့် မေးခွန်းတစ်ခု မေးကြည့်၏
ဆရာမ။ ။ အရာဝတ္ထုတွေဟာ အေးရင်ကျုံ့ပြီး ပူလာရင်ကျယ်ပြန့်တတ်တယ်ကွယ့်။ ကဲ . . နမူနာ တစ်ခုလောက် ဆရာမကို ပြောပြစမ်း။
တပည့် ။ ။ ပူနေတဲ့ နွေရာသီမှာ နေ့တာရှည်ပြီး၊ အေးတဲ့ ရာသီမှာနေ့တာတိုတာပါ ဆရာမ။

ကျွမ်းကျင်ရာ လိမ္မာ

ပါတီပွဲတက်ရန် အဝတ်အစားဝတ်နေသောသူတစ်ဦး သူ၏လည်စီးကို တပ်ဆင်ရာစိတ်တိုင်းမကျ ဖြစ်နေသည်။ ထိုစဉ် သူ့အခန်းရှေ့မှ ဖြတ်လျှောက်သွားသော သူတစ်ဦးကို တွေ့သဖြင့် လှမ်းခေါ်ပြီး . . .
“ကျွန်တော်ကို ကျေးဇူးပြုပြီး ဟောဒီလည်စည်းလေး စည်းပေးပါဗျာ”
“ရပါတယ်ဗျာ၊ ခုတင်ပေါ်တက်ပြီး ပက်လက်အိပ်လိုက်ပါ”
ထို့နောက် ထိုလူက ကျွမ်းကျင်စွာပင် လည်စည်းကိုစည်းပေးလိုက်၏။
“ကျေးဇူးပါပဲဗျာ၊ ခင်ဗျားစည်းပေးလိုက်မှပဲ စတိုင်ကျသွားတော့တယ်။ ဒါနဲ့ခင်ဗျားက ဘာလို့မတ်တတ်စည်းမပေးဘဲ အိပ်ခိုင်းပြီး စည်းပေးတာလဲဗျ”
“ကျွန်တော်က အအေးတိုက်မှာ အလောင်းတွေကို ပြင်ဆင်ပေးရတဲ့သူမို့ပါ”

လက်ဆောင်ကောင်း

နင့် သူငယ်ချင်း မွေးနေ့ပွဲမှာ နင် ဘာလက်ဆောင်တွေ ပေးလိုက်လဲ”
“ငါ့ရဲ့ အယ်လ်စေးရှင်း ခွေးကြီးနှစ်ကောင် လက်ဆောင်ပေးလိုက်တယ်”
“ဟယ် ….. ဒီလောက် အဖိုးတန်တဲ့ခွေးကို အလကားလက်ဆောင်ပေးပစ်ရလား၊ နှမြောလိုက်တာ”
“ကိစ္စမရှိပါဘူး၊ ဒီနှစ်ကောင် ညမိုးချုပ်ရင် ငါ့အိမ်ကို ပြန်ပြေးလာကြမှာပါ”

ဒီနေ့ ကံကောင်းပါလား

“ငါ့ဦးလေးက တောပစ်ထွက်တာ အရမ်းဝါသနာပါတယ်ကွ ဒါပေမယ့် သူတောပစ်ထွက်တိုင်း
အမြဲကံကောင်းတာချည်းပဲ”
“ဟင် …… မင်းဦးလေး တောပစ်ထွက်တိုင်း ကံကောင်းတယ်သာပြောတယ် တစ်ခါမှလည်း အမဲရပြီး ပြန်လာတာ မတွေ့ပါလား”
“လူမသေဘဲ ပြန်ပြန်လာလို့ ကံကောင်းတယ်ပြောတာကွ”

မဖြစ်ဘူး

“ဒေါက်တာ ကျွန်တော်အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ်။ ဘာလုပ်ရမယ်ဆိုတာ အကြံပေးပါဦး”
“လွယ်လွယ်လေးပဲ၊ အလုပ်ထဲမှာ ခေါင်းနှစ်ထားလိုက်ပေါ့ဗျာ”
“ဟာ၊ ဒါတော့မဖြစ်ဘူးဆရာ၊ ကျွန်တော်က အင်္ဂတေဖျော်တဲ့သူ”

No comments:

Post a Comment

Print Friendly and PDF