Thursday 24 November 2011

ရယ်ချင်ရင်ဖတ်ကြည့်ကြနော်။ နံပါတ်(၇)

နောက်မဖြစ်အောင်
ဆေးခန်းကို လက်မှာဒဏ်ရာရတဲ့ လူတစ်ယောက်ရောက်လာတယ်။ ဒီတော့ဆရာဝန်က.....
"ဘယ်လိုဖြစ်တာလဲ"
"ကားတံခါး ဆွဲပိတ်လိုက်တာ လက်ညှပ်သွားလို့ "
"ခင်ဗျား မူးနေရင်တော့ ဒီလို ခဏခဏဖြစ်နေမှာပဲ"
"နောက်မဖြစ်တော့ပါဘူး ဆရာ"
"အရက်ဖြတ်မယ်ပေါ့"
"ကျွန်တော် ကားတံခါးကိုဖြုတ်ပစ်လိုက်ပြီဆရာ"
အရှင်းဆုံးအဖြေ
လူနာ - Doctor ကျွန်တော်မျက်လုံး ကိုက်နေတယ် ဘာလုပ်ရမလဲဟင်
ဆရာဝန် - တလောကကျွန်တော်သွားကိုက်တယ် ကိုက်တဲ့သွားကိုဆွဲနှုတ်လိုက်တာ ပျောက်သွားတာပဲ
လူနာ - ဗျာ ?
ယုံပါ
လူတစ်ယောက်က သူ့ သူငယ်ချင်းကိုဆေးခန်းလိုက်ပို့ ပြီး ဆေးခန်းမှဆရာဝန်ကို...

"ဒီတစ်ခါ သူစိတ်ဖောက်တာတော်တော်ကြမ်းတယ် ဆရာ"
"ဟုတ်လား ဘာတွေလုပ်သလဲ"
"သူ့ ယောက္ခမကြီးကို သူမိကျောင်းကန်ထဲတွန်းချတယ်ဆရာ"
"ဘာဖြစ်သွားသေးလဲ"
"မိကျောင်းနှစ်ကောင်သေသွားတယ်ဆရာ"
သိပ်ကောင်း
ရထားပေါ်တွင်ဖြစ်သည်။
ကကသ်လစ်ဘုန်းကြီးနှင့် ဂျူးဘာသာရေးတရားဟောဆရာတို့ တစ်ခန်းထဲ ထိုင်လာကြသည်။ ကက်သလစ်ဘုန်းကြီးက ဂျူးဘာသာရေးတရားဟောဆရာကို ပြောသည်။
“ကျွန်တော့်မှာ ၀က်ပေါင်ခြောက် ပါတယ်၊ စားပါဦးလား”
“ကျွန်တော့်တို့ ဘာသာရေးက ၀က်သားမစားရလို့ တားမြစ်ထားပါတယ်”
“အင်း၊ ၀မ်းနည်းစရာပဲ၊ သိပ်အရသာရှိတာဗျ”
ဘူတာသို့ ရောက်သောအခါ ဂျူးဘာသာရေးတရားဟောဆရာက မဆင်းခင် ကက်သလစ်ဘုန်းကြီးကို ပြောသည်။
“ဖာသာရဲ့ ဇနီးကို ဦးညွတ်တယ်လို့ ပြောပေးပါ။”
“ကျွန်တော့်မှာ ဇနီးမရှိဘူး၊ ကျနော်တို့ဘာသာရေးက ကျနော်တို့ကို မိန်းမ မယူရဘူးလို့ တားမြစ်တယ်။”
“ဟုတ်လား၊ ၀မ်းနည်းစရာပဲဗျာ၊ သိပ်အရသာရှိတာဗျ”
အကြောင်းအရင်း
တစ်နေ့ ပန်းချီဆရာ တစ်ယောက်က ပန်းချီပြခန်းမှာ ထိုင်နေသော သူငယ်ချင်း ပန်းချီဆရာ တစ်ယောက် ကို တွေ့လို့ မေးလိုက်တယ်...
“သူငယ်ချင်း ပြပွဲမှာ လူကြီးတွေက မင်းပန်းချီကားကို ဘာလို့ ပြခွင့်မပေးတာလဲကွ”
“ပန်းချီကားထဲမှာ မိခင်ရဲ့ ရင်ခွင်ထဲက နို့စို့နေတဲ့ ကလေးငယ်ရဲ့ရုပ်ဟာ အသက်အစိတ်လောက်ရှိနေတဲ့ ရုပ်ပေါက်နေလို့တဲ့”
မဟုတ်ဘူးလား
စိတ်ရောဂါကုဆရာဝန်က သူ့ ရဲ့ လူနာကိုမေးတယ်.........
"၁၀၀ ထဲကနေ ၁ နှုတ်ရင် ဘယ်လောက်ကျန်သလဲ"
လူနာကအတော်ကြာကြာ စဉ်းစားပြီးမှ....
"သုည (၂) လုံးကျန်မယ်ဆရာ"
ဝမ်းနည်းလွန်းလို့
တစ်ခါက ကျောင်းတစ်ကျောင်းမှာပါ ကျွန်မ ရောက်သွားတော့ ကလေးတစ်ယောက်ဟာ အင်မတန် ရှိုက်ကြီး တငင်ငင် ငိုကြွေးနေလိုက်တာ။ ဒါနဲ့ ကျွန်မထိုကလေး အနားသို့ တိုးကပ်သွားပြီး တိတ်တိတ်မေးကြည့် လိုက်မိတယ်။ ကလေးဘာလို့ ငိုနေတာလဲ မေးတော့ ကလေးက သူတို့ ကျောင်းအုပ်ဆရာမကြီးဟာ အပေါ်ဆုံးကျောင်းဆောင်ထံမှ မတော်တဆ ပြုတ်ကျသွားပါကြောင်း ဒါနဲ့ အော် ဆရာမကြီးတွက် ဝမ်းနည်းလို့ ငိုနေတာဖြစ်မယ်ဆိုပြီး ကျွန်မမေးကြည့်လိုက်တော့ ဟုတ်ပါတယ် သမီးသိပ်ဝမ်းနည်းမိပါတယ်။ “ဆရာမကြီး အပေါ်ထပ်ကနေပြုတ်ကျသွားတာ လူတွေ အားလုံးမြင်လိုက်ပြီး သမီးက မမြင်လိုက်ရလို့ပါ”တဲ့လေ။
အားအသုံးပြုပုံ
မြန်မာစာ ဆရာမသည် “အား” နှင့် “ကို” သုံးနှုန်းပံကို သင်ကြားနေရာ စိတ်ဝင်စား ဟန်မတူသည့် ကျောင်းသားလေး “ချစ်ကိုကို” ကိုမေးလိုက်သည်။
ဆရာမ - သား ချစ်ကိုကို “အား” ကို ဘယ်နေရာမှာ သုံးမလဲကွယ်။
ချစ်ကိုကို - ရေခပ်၊ ထင်းခွဲတဲ့ နေရာမှာ သုံးပါ့မယ် ဆရာမ။
အဖြေကောင်းသူ
ဒုတိယတန်းတွင် သင်္ချာဘာသာမှ အမြှောက်ပုစ္ဆာ သင်ကြားနေချိန် ဖြစ်သည်။ နောက်တန်းမှ အိပ်ငိုက်နေသော တပည့်အားမေးရာ -
ဆရာမ - ကဲ ဇော်ဇော် ခဲတံ ၁ ဘူးမှာ ခဲတံ ၁၂ ချောင်းပါရင်၊ ခဲတံ ၅ ဘူးမှာ ခဲတံ ဘယ်လောက်ပါတယ်ဆိုတာ သား ဘယ်လိုတွက်မလဲကွယ်။
ဇော်ဇော် - တစ်ချောင်းစီ ရေကြည့်ပါမယ် ဆရာမ။
မှန်လိုက်လေ
သူငယ်တန်း မြန်မာစာ သင်ခန်းစာ (၁) သင်ရာတွင် စပါး၊ ဖလား၊ တမာ၊ ပဝါ စသည်ဖြင့် သင်ထောက်ကူ ပစ္စည်းစစ်များဖြင့် သင်ကြားရာ -
စပါးနှံကိုပြ၍ ဆရာမ - “ဒါဘာလဲ သိလား ကလေးတို့”
ကလေးများ - “စပါးပါ ဆရာမ”
ဆရာမ - “မှန်တာပေါ့” ဟုပြောပြီး၊ ငွေဖလားကိုပြ၍ “စောမြခိုင်ရေ ဒါကရော ဘာလဲကွယ်”
စောမြခိုင် - “အလှူခံတဲ့ ခွက်ပါ ဆရာမ”

No comments:

Post a Comment

Print Friendly and PDF