Sunday 20 November 2011

ကွန်ပျူဒစ်ပလိုမာ အင်တာဗျူးနှင့် အက်မင်များရဲ့အဖြေ (ဟာသ)

ဘလော့လေးမစခင်ပါအရင် ကတော့ပါတယ်
အကုန်လု့းကကိုယ့်ထက်အသက်ကြီးတယ်ဆိုတော့ လေးစားသောအားဖြင့် ကန်တော့ တောင်းပန်လိုက်ပါတယ်
ဒီထဲကအဖြေလေးတွေကိုသေချာမှတ်ထားနော်
ကွန်ပျူတာနဲ့ပါတ်သတ်တဲ့လုပ်ငန်းတခုမှာဝန်ထမ်းအလိုရှိသည်ပြီး ကြေငြာလိုက်သည် နှင့် ၂ရက်အကြာတွင်
အယ်ဒီတာ။။ ဘနှယောက်ရှိပီလဲ အင်တာဗျူးလာဖြေတာ။
အတွင်းရေးမှူး။ ။ ၇ယောက်ပါ အာစတီး
အယ်ဒီတာ။။ဒါဆို၁ယောက်ချင်းစီလာခဲ့လို့ပြောလိုက်ပါ
ဒီလိုနဲ့ ပထမဆုံးတယောက်ဝင်လာတယ်
ကျော်။။ဆရာထိုင်မယ်နော် အသက်ကလဲကြီးပီဆိုတော့ အညောင်းမခံ နိင်ဘူးလေ။။



IM Flash Smiley
အယ်ဒီတာ။။ ထိုင်ပါရပါတယ်ခင်ဗျ အခုအင်တာဗျူးဖြေဖို့လာတာပေါ့ ကျွန်တော်တို့လုပ်ငန်းကကွန်ပျူတာနဲ့ပါတ်သတ်တော့
ကွန်ပျူတာအကြောင်းဘဲ မေးမယ်နော် ကိုကျော် ခင်ဗျလျှောက်လွှာမှာ ကွန်ပျူတာကို မလေးရှားသွားပီးပညာ
သင်ထားတယ်ဆို။
ကျော်။။ ဟုတ်မလေးရှားမှာ ၃လလောက်သွားတင်ထားပါတယ် ဒါ့အတွက်လဲ ကွန်ပျူတာကို ကျွမ်းနေအောင်ကိုင်တတ်ပါပီ။
အယ်ဒီတာ။။ သင်တာထားတာ ကစာစီစာရိုက်ဆိုတော့ ဘယ်လောက်ထိကျွမ်းလဲ။။
ကျော်။ ။ ဒါတော့ ဆရာမပြောနဲ့တော့microsoft ကအစ adoble အုပ်စုအကုန် အပိတ်အဖွင့်တော့ တော်တော် ကိုကျွမ်းပီဆရာ
အယ်ဒီတာ။။ (ဟိုက်) အော် ဟုတ် အဆို ဆရာကိုနောက်ပြန်ဆက်သွယ်မယ်နော် အခုတော့ ထလို့ရပါပီ။။
ကျော်။ ။ ဟာ ဆရာ..ဒါဆိုကျွန်တော်အလုပ်ရပီပေါ့နော်ဒီလိုနဲ့ထွက်သွားပီး နောက်တယောက်ဝင်လာတယ်
ကိုငြိမ်း။ ။အကိုရတယ် မမေးနဲ့ အစ်ကိုမေးမယ့်ဟာကျွန်တော် အကုန်သိတယ် ဘယ်လောက်ထိကွန်ပျူတာကိုစွဲလန်းလဲ
ဆိုရင် နော် အစ်ကို အိမ်မက်ထဲတောင် မောက်စ် နဲ့ ကီးဘုတ်ကိုယောင်ကိုင်တာ
အယ်ဒီတာ။။ (အင်းဒီတယောက်တော့မဆိုးဘူး) နာမည်ဘလိုခေါ်လဲမသိဝူးနော် ညီလေးက
ကိုငြိမ်း။ ။ ကျွန်တော့နာမည် ငြိမ်းလွင်ဦးလို့ခေါ်ပါတယ်။
အယ်ဒီတာ။။ မေးမယ်နော် ငါ့ ညီ ငါ့ညီပို့လိုက်တဲ့mailက ကိုပို့တဲ့လူဆီရောက်မရောက်ဘယ်လိုသိမလဲ
ကိုငြိမ်း။ ။အစ်ကိုရယ်ဒါတော့လွယ်ပါတယ် ကိုပိုထားတဲ့လူဆီဖုန်းဆက်မေးလိုက်ရင်ရပီပေါ့ ဘာခတ်တာမှတ်လို့။။
အယ်ဒီတာ။။ တိန် ကဲပါ နောက်တခုမေးဦးမယ် တဂစ်မှာဘယ်နှစ်ဘိုက်ရှိပါသလဲ
ကိုငြိမ်း ။ဒါများအစ်ကိုရယ် ဂစ်လို့ အော်တဲ့ဌက်တစ်ကောင်မှာတစ်ဗိုက်ဘဲရှိပါတယ်
အယ်ဒီတာ။။ ငါ့ညီ နောက်ပြန်ဆက်သွယ်လိုက်မယ်နော်



IM Flash Smiley
ဒီလိုနဲ့ကိုငြိမ်းထွက်သွားပီးနောက် ကောင်မလေးတယောက်ဝင်လာတယ်
အယ်ဒီတာ။။ လာညီမထိုင် ဖြေးဖြေးထိုင်နော် ညီမ (နှာထနေတာလေအယ်ဒီတာက) ညီမနာမည်က မေသဇင်တဲ့နော်နာမည်လေးက လှလိုက်တာ



IM Flash Smiley
သဇင်ကြီး။ ။ဟုတ်ဆရာ အင်တာဗျူးလာဖြေတာပါ
အယ်ဒီတာ။။ ညီမအသက်ဘလောက်လဲ အပျိုလား အိမ်ထောင်နဲ့လား။
သဇင်ကြီးက လက်ချိုးရေတွက်ပြလိုက်တယ်
သဇင်ကြီး။ ။ အင်း...အဖေက ၇၀ အမေက ၇၅ အင်းပီးတော့ ဘကြီးသာဖြိုးက ဂ၀...အင်း ပီးတော့.....
အယ်ဒီတာ။။ ဟုတ်ပါပီ ညီမအသက်ကိုဘဲမေးတာပါ။။
သဇင်ကြီး။ ။ လာမယ်လေ ဆရာကလဲ ဟော ဟို.... ၁၆နှစ်ပါရှင်..
အယ်ဒီတာ။။ ဟယ် ငယ်ငယ်လေးနဲ့တော်လိုက်တာနော် အိမ်က ဟာမကြီးနဲ့တော့ကွာပါ့ ညီမလေး မေးမယ်နော်
ကွန်ပျူတာထဲဗိုင်းရပ်စ်ဝင်ရင်ဖြေရှင်းပုံလေးအသေးစိတ် ပြောနိုင်မလား
သဇင်ကြီး ။ ။ ပျင်းသနာ တဲ့အလောက်တော့ ဟာဟာ. ဟုတ်ကဲ့ရပါတယ် ၁။ systemပုံးကိုအရင်ဖွင့်ပါ ၂။ ရှိရှိသမျှ ဟတ်ဒစ်၊မားသားဘုတ်၊ရှိသမျှကတ် အကုန်ဖြုတ်ပါ။ ၃။ ပြီးရင်တော့ဆပ်ပြာမှုန့် များများနဲ့ ဖျော်ထားတဲ့ ဇလုံထဲကိုထည့်ပြီး Decogenနဲ့ တစ်ညစိမ်ပါ ၄ ။ နောက်တစ်နေ့ ကျပြန်ဆေးကြောပြီးနေပူပူမှာ လှမ်းပါ။ ၅ ။ ခြောက်သွေ့ သွားသောအခါပစ္စည်းများကိုနေရာတကျ ပြန်တတ်ပါ ၆ ။ စက်ကိုပြန်ဖွင့်သောအခါ VIRUS မရှိတော့ကြောင်းပျော် ရွှင်ဖွယ်တွေ့ ရပါလိမ့် မည်။ ၇ ။ နောက်ပိုင်းသုံးရင်SYSTEM ပုံးကိုဗိုင်းရပ်စ်ထပ်မ၀င်အောင် နေပူထဲထားကာအသုံးပြုပါ ဟုတ်တယ် မလား ဆရာ
အယ်ဒီတာ။ ။ သွားပါလေရော လူလေးကလှသလောက် အေးအေး ကဲ နောက်မှပြန်ဆက်သွယ်လိုက်မယ်နော်။။



IM Flash Smiley
ဒီလိုနဲ့ ဝေလင်းအလှည့်ရောက်လာတယ်
အယ်ဒီတာ။ ။ အင်း ဟိုတယောက်ကတော့ ခက်တည်တည် လူကြီးလူကောင်း စတိုင်နဲ့ဆို့တော့ သေချာတယ်
မိဝေ။ ။ ထိုင်းမယ်နော် ။ ။
အယ်ဒီတာ။ ။ ရပါတယ် ငါ့ညီ ငါ့ညီ ကအင်တာဗျူးလာဖြေတာဆိုတော့ မေးမယ်နော်
မိဝေ။ ။ ဒါနဲ့ဆရာ မိုးယုစံနဲ့ဘယ်အချိန်တေါ့ရမှာလဲ ကျွန်တော်ကအရေးကြီးနေလို့ပါ ခဏနေရင် ၀တ်မှုန်ရွှေရည်က လက်ထပ်ခွင့်တောငုးမယ်ဆိုပီး ငိုယိုနေလို့သွားရဦးမယ်ဆရာ မြန်မြန်မေးနော်
အယ်ဒီတာ။ ။ ( တယ်ဟုတ်ပါ့လား...သူ့ကိုသူ ဘာထင်နေလဲမသိဘူး) အေးမေးမယ် ကွန်ပျူတာအရမ်းလေးနေလို့ ဘာလုပ်ရမှန်းမသိဘူးဖြစ်နေရင် ဘယ်လိုလုပ်မလဲ။
မိဝေ။ ။ ဒါဘဲမေးမှာလား ဒါလေးများ ဒီမယ်...အရင်ဆုံးဟတ်ဒစ်(စ်)ဖြုတ်ထားလိုက်ပါ ။ ဒါမှလေးနေရင်ပါဝါဆပလိုင်ပါထပ်ဖြုတ်ထား လိုက်ပေါ့အရမ်းအရမ်းပေါ့သွားမယ် ရှင်းတယ်နော် လူကိုများအတယ်ထင်နေတာလား
အယ်ဒီတာ။ ။ (လူကတော့ မိုးလားလေလား တခြာဆီ နံသာဆီ နဲ့ ချီး) မင်းမေဘလို့ သွား အခုထွက်သွား
တွေ့ရလိုက်၇င် လူတွေအလွဲ ကြည့်ဘဲ ။။



IM Flash Smiley
အဲ့အချိန် အရှည့်ကနေ ကောင်မလေးတယောက်ဝင်လာတယ်
မမရှင်း။။ အစ် ကို့ထိုင်းမယ်နော်
အယ်ဒီတာ။ ။ ထိုင် ...ထိုင်...ထိုင်ပါ ( စကားတွေတောင်ထစ်ကုန်ပီ) နာမည်လေးက ရှင်းသန့်မေတဲ့လား
မမရှင်း။ ။ ဟုတ်ပါတယ်ရှင် အာလက်တဲ့အချိန် အပိုငွေရအောင် အလုပ်လေးများရမလားလို့ အင်တာဗျူးလာဖြေတာပါ
အယ်ဒီတာ။ ။ အော် ဟုတ်.. ရပါတယ် ခင်ဗျ မေးမယ်နော် ကျွှန်တော်တို့ ဘက်ကမီးမှန်ဘူး ။ UPS ကလဲသိပ်မကောင်းတော့ မီးပျက်ချိန်ကွန်ပျူတာမြန်မြန်ပိတ်ချင်ရင်ဘယ်လိုလုပ်ရမလဲ။။
မမရှင်း။ ။ သမီးတို့ ဆီလဲမီးမမှန်ပါဘူး upsနဲ့ ကွန်ပျူတာသွယ်တားတဲ့ပလပ်ကိုချက်ချင်းဆွဲဖြုတ်ပါ။ ချက်ချင်းပိတ်သွားရစေမယ်
အယ်ဒီတာ ။။ ဟူးးးး အဆိုဆက်မေးမယ်နော်။။ အင်တာနက်သုံးဖို့ ဘာလိုအပ်ပါသလဲ
မမရှင်း။ ။ ဒါများရှင် ပိုက်ဆံလိုတာပေါ့။။အယ်ဒီတာ ။ ။ ကောင်မလေးတွေလဲ မထူးဘူး ဒီတိုင်းပါ့လားနော် ။ ။
စကားမဆုံးသေးဝူး ကောင်လေးတယောက်ဝင်လာတယ် စတိုင်းက rapper လိုလိုဘာလိုလိုနဲ့
ရင်မောင်။ ။ ရို့ ခင်မောင် ခင်မောင် ဘာမေးမှာလဲ ပြော ဘာမေးမှာလဲပြော ( rap ဆိုတဲ့အသံဖြင့်) မျှော် မျှော်စင်
ကျွန်း မှာ Bunny phyoe showရှိတယ်
အယ်ဒီတာ။ ။ အဆိုလဲ မေးမယ် မေးမယ် ရို့ ထိုင် ထိုင် ..ရို့ ဟာကွာ မင်းကြောင့် ငါဘာယောင်နေပီ။ ။
ဆော့ဝဲရေးနည်းလေးပြော ပါ့လား
ရင်မောင်။ ။ ရို့ .. ၇ို့ Note pad ကိုဖွင့် 'S' 'O' 'F' 'T' 'W' 'A' 'R''E" လိုရေး ပီးရော ရို့ ရို့ ဟုတ်တယ် ဟုတ် ...ခင်မောင်ရို့..
အယ်ဒီတာ ။ ။ ငါ့နဲ့နော် သွားးးးးးးးးးးးအသုံးကို မကျဘူး ပြန်။။
ဒိလို့ အယ်ဒီတာတယောက်ရေသောက်ပီး အိပ်နေလေတော့တယ်။ ။
နာမည်တူ မရှားလူတူမရှာနော် သဲချင်း ခိခိ
SmileySmileySmileySmileySmileySmileySmileySmileySmiley
ရယ်မောချင်းဖြင့်ပျော်ရွှင်သောဘ၀များကို လူတိုင်းပိုင်ဆိုင်နိင်ပါစေ

No comments:

Post a Comment

Print Friendly and PDF