Sunday 20 November 2011

လှပတဲ့ မိန်းမကောက်ကြောင်းနဲ့  သစ်ပင်(Lady tree)

တစ်ခါတစ်လေ လောကကြီးက ထူးဆန်းတာတွေ ရှိနေတတ်ပါတယ်...။
သဘာဝတရားရဲ့  ဖန်တီးမှုက အံ့ဖွယ်တစ်ပါးပါပဲ...။
အပင်တစ်ပင်က သီးတဲ့ အသီးမှာ မိန်းကလေးတစ်ယောက်ရဲ့  ကောက်ကြောင်း ဟန်ပန်လှလှနဲ့ 
သီးပွင့်နေလေရဲ့ .......။
ဒီအသီးလေးက ချစ်စရာလား..ဂရုဏာ သက်စရာလား ခံစားမှုတစ်ခုခုကိုတော့ တွေ့ မြင်သူသာ
ခံစားမိလိမ့်မယ် ထင်ပါရဲ့ ....။
ဒီမိန်းကလေးရဲ့  ဆုတောင်း ကြောင့်လား..ကျိန်စာတစ်ခုကြောင့် လား ဘာကြောင့်မှန်း မသိရပဲ
ထူးဆန်းစွာ သီးပွင့်နေတာကတော့ ဆန်းကျယ်တဲ့ တိုက်ဆိုင်မှုပါပဲနော်..။

ကြည့်လိုက်ကြပါအုံး.......။


အဝေးက ပုံလေ...

အနီးကနေ ကပ်ပြီး ထပ်ကြည့်ပါအုံးနော်...........။


တကယ့်မိန်းကလေး တစ်ယောက်ရဲ့  ကောက်ကြောင်းအပြည့် လှပနေတဲ့ ပုံ သေချာသွားပြီ ဟုတ်

ကံတရာကဘယ်လောက်များဆန်းကြယ်ပါလိမ့်၊

ဘန်ကောက်ကနေ ကီလိုမီတာ(၅၀၀) နီးပါးလောက်မှာဝေးတဲ့ Petchaboon နယ်မှာ
ဒီ Lady သစ်ပင်တစ်ပင် ထူးဆန်းစွာ ပေါက်ရောက်နေပါတယ်တဲ့...။
အင်တာနက် စာမျက်နှာ တစ်ခုပေါ်မှာ မထင်မှတ်ပဲ တွေ့ လိုက်လို့ 
ပုံတွေ ကူးပြီး ပြန်လည်ဝေမျှလိုက်တာပါ..။

အံ့ဩဖွယ်ကောင်းတဲ့ လှပ ဆန်းကျယ်မှုကြီးပေါ့

No comments:

Post a Comment

Print Friendly and PDF