Friday 11 November 2011

ရယ်ချင်ရင်ဖတ်ကြည့်ကြနော်။ နံပါတ်(၄)

ဒါလည်းဟုတ်တုတ်တုတ်
ဆေးကျောင်းတက်နေသူနှင့် ငယ်သူငယ်ချင်းတို့ ပြန်တွေ့ကြရာဝယ်...
“ကျောင်းမှာတုန်းက မင်းက အင်ဂျင်နီယာကြီး လုပ်မယ်ပြောပြီး အခုဘာလို့ ဆရာဝန်လိုင်း လျှောက်လိုက်ရတာလဲ”
“ငါ့ အဘွားဆေးရုံတက်ရတုန်းက ဆေးကုသခတွေ ရှင်းရတာမြင်လိုက်ရလို့”
“ဟိုက်”

ရွေးချယ်ခွင့်ရှိပါတယ်…
မိုက်ကယ်က အပန်းဖြေ ခရီးတစ်ခုကို လေယာဉ်နဲ့ သွားနေပါတယ်။ နေ့လယ် အချိန်ရောက်တော့ လေယာဉ်မယ်လေးတွေက အစားအသောက် လှည်းတွေနဲ့ ရောက်လာပြီး

“လူကြီးမင်း နေ့လယ်စာ သုံးဆောင်ချင်ပါသလားရှင်” လို့ မေးပါတယ်။
ဒါနဲ့ မိုက်ကယ်က “ကျွန်တော် ဘာများရွေးလို့ရနိုင်လဲ”လို့ မေးတော့ လေယာဉ်မယ်လေးက ဒီလိုပြန်ဖြေပါတယ်။
“စားမယ်၊ မစားဘူး ကြိုက်ရရွေးနိုင်ပါတယ်ရှင်”တဲ့။

ဖြစ်ရမယ်
ဧည့်ခံပွဲတစ်ခု၌ ချောမောလှပသည့် သမီးငယ်နှင့်အတူ ထိုင်နေသည့်ဖခင်ဖြစ်သူထံ အမျိုးသားတစ်ဦးရောက်ရှိလာပြီး မိတ်ဆက်စကားဆိုလေသည်။
အမျိုးသား။ ။ မင်္ဂလာပါ… ကျွန်တော့်နာမည် စမစ်ပါ။
ဖခင်။ ။ ဟုတ်ကဲ့။
အမျိုးသား။ ။ ကျွန်တော်က ရုပ်ရှင်ဒါရိုက်တာ တစ်ဦးပါပဲ။
ဖခင်။ ။ သြော်… ကောင်းတာပေါ့။
အမျိုးသား။ ။ တစ်ခုလောက်ခွင့်တောင်းချင်ပါတယ်..
ဖခင်။ ။ ပြောပါ။
အမျိုးသား။ အန်ကယ်ရဲ့ သမီးကို ရုပ်ရှင်မင်းသမီးအဖြစ် ရိုက်ကူးချင်လို့ပါ။
ဖခင်။ ။ သြော် …
အမျိုးသား။ အဲဒါ.. ခွင့်ပြုပေးနိုင်မလား။
ဖခင်။ ။ အင်း… ရပါတယ်… ဒါပေမယ့်..
အမျိုးသား။ ။ ဘာဖြစ်လဲခင်ဗျ.. ကျွန်တော်သရုပ်ဆောင်ခ ထိုက်ထိုက်တန်တန်ပေးမှာပါ။
ဖခင်။ ။ ဒီလိုကွဲ့.. ဒါက အန်ကယ့်သားပါ။ မိန်းမစိတ်ပေါက်နေလို့။
အမျိုးသား။ ။ ဗျာ..

အစပျောက်တော့မှာပဲ
“ခု ကျွန်တော် ဒီလူကို အရာအားလုံးမေ့ပျောက်သွားအောင် လုပ်ပြပါမယ်”
စိတ်ညှို့ပညာရှင်ကြီးက ပြောလိုက်တော့ ပရိသတ်ထဲက လူတစ်ယောက်က ပျာပျာသလဲ ထပြောလိုက်ပါတယ်။
“နေဦး၊ နေဦး။ သူ ကျွန်တော့်ကို ဆယ်ဒေါ်လာ ကြွေးပေးစရာရှိသေးတယ်ဗျ”

မောင်းသတင်းသာမှတ်
“လူတစ်ယောက်ကို မင်းတစ်ခုခု ပြောလိုက်မယ်ဆိုရင် သူနားတစ်ဖက်ထဲဝင်သွားပြီး တခြားနားတစ်ဖက်က ပြန်ထွက်သွားတာပဲကွ”
“အံမာ၊ မိန်းမတစ်ယောက်ကို တစ်ခုခု သွားပြောကြည့်စမ်းပါလား။ သူ့နားနှစ်ဖက်စလုံးထဲ အကုန်ဝင်သွားစပြီး သူ့ပါးစပ်ပေါက်ကနေ အကုန်ပြန်ထွက် လာတော့တာပဲဟေ့”

ဘယ်သူ့နောက်လိုက်မလဲ
လီနင်က အသက်ငင်နေပါပြီ။ မကြာမီ သေဆုံးတော့မှာပါ။ အသက်မထွက်ခင်မှာ သူက သူ့ဘေးက စတာလင်ကို မှာစရာရှိတာတွေမှာ နေပါတယ်။
‘ကျုပ်မရှိတော့ရင် လူတွေက ခင်ဗျားရဲ့နောက်ကို မလိုက်မှာ ကျုပ်စိတ်ပူတယ်ဗျာ’
‘စိတ်မပူပါနဲ့။ ခေါင်းဆောင်ကြီး ခင်ဗျာ။ လိုက်ကြမှာပါ’လို့ စတာလင်က စိတ်ချမ်းသာသွားအောင် ပြောလိုက်ပါတယ်။
‘ကိုင်း သူတို့က ခင်ဗျားနောက် မလိုက်ဘူးဆိုရင်ကောဗျာ’လို့ လီနင်က မေးပါတယ်။ စတာလင်က ပြန်ပြောပါတယ်။
‘ကျွန်တော့်နောက် သူတို့မလိုက်ရင် ခေါင်းဆောင်ကြီးနောက် သူတို့လိုက်ကြရမှပါခင်ဗျာ’

ဘယ်ကငရဲက ပိုကောင်းလဲ
မေး ။ ။ ကွန်မြူနစ် ငရဲနဲ့ အရင်းရှင် ငရဲ ဘယ်က ငရဲက ပိုကောင်းလဲ။
ဖြေ ။ ။ ကွန်မြူနစ် ငရဲက ပိုကောင်းပါတယ်။
မေး ။ ။ ဘာဖြစ်လို့လဲ။
ဖြေ ။ ။ အရင်းရှင် ငရဲမှာ ခင်ဗျားဟာ ဆီပူနဲ့ လောင်းပြီး အရှင်လတ်လတ် မီးရှို့ခံရမယ်။
ခြေလက်တွေကိုလဲ ဓားနဲ့ အဖြတ်ခံရမယ်။ ပြီးရင် ခေါင်းအုံးတွေနဲ့ ဖိသတ်ခံရလိမ့်မယ်။
ကွန်မြူနစ်ငရဲမှာ ဆီလဲ မရှိဘူး။ ဓားလဲ မရှိဘူး။ ခေါင်းအုံးလည်း မရှိဘူး။

တိကျတယ်လေ
ဟိုတယ် -
ဧည့်ကြိုဝန်ထမ်းတွေကို မန်နေဂျာက မျက်စိလျင်ဖို့ တိကျဖို့ သွန်သင်ဆုံးမရင်း
“ဥပမာကွာ… ခရီးသည် တစ်ယောက်လာရင် သူခရီးဆောင်အိတ်မှာ နာမည် ကပ်ထားတတ်တဲ့ ကတ်ပြားကိုဖတ်ပြီး မင်းတို့ နှုတ်ဆက်လို့ရတယ်။
ဟယ်လို မစ္စတာစမစ်.. ဘာညာပေါ့။
သူ့နာမည်ကို ကိုယ်က သတိပြုမိတယ်ဆိုတာသိရင် သူလည်း အံ့သြ ဝမ်းသာမှာပေါ့” လို့ဆိုတော့ ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ တိုနီက အသေအချာ မှတ်ထားပါတယ်။
ဒါနဲ့ နောက်နေ့ ဧည့်သည်လာတော့ ဧည့်သည်လာတော့ ဧည့်သည်ရဲ့ ခရီးဆောင်အိတ်မှာ ကပ်ထားတဲ့ ကပ်ပြားကိုကြည့်ပြီး တိုနီက ဒီလိုနှုတ်ဆက်ပါတယ်။
“မင်္ဂလာပါ မစ္စသားရေအစစ် ကြိုဆိုပါတယ်”

သိတယ်လေ
နီကိုလေးက ကျပ်မပြည့်တဲ့သူ’
‘နီကိုလေးက ကျပ်မပြည့်တဲ့သူ’
လူတစ်ယောက်က လမ်းပေါ်အော်သွားတယ်။ ရဲက သူ့ကို ဖမ်းလိုက်ပါတယ်။
‘မင်းက ငါတို့ခေါင်းဆောင်ကြီးကို စော်ကား မော်ကား ပြောတယ်’ လို့ ရဲက ပြောတယ်။
‘ကျွန်တော်ပြောတဲ့ နီကိုလေးက အခြားသူပါ ခင်ဗျာ။ ခေါင်းဆောင်ကြီး မဟုတ်ဘူး’ လို့ အဲဒီလူက ကပျာကယာငြင်းတယ်။
ရဲက ပြန်ပြောလိုက်ပါတယ်။ ‘ငါ့ကို မညာနဲ့။ ကျပ်မပြည့်ဘူးဆိုကတည်းက ငါတို့ခေါင်းဆောင်ကြီးကို မင်းပြောမှန်း ငါတို့ သိတယ်’

ထပ်မလုပ်တော့ပါဘူး
အမျိုသမီးတစ်ထောင်ကို တယ်လီဖုန်းနဲ့ စစ်တမ်းကောက်ပါတယ်။
အဲဒီ စစ်တမ်းမေးခွန်းက အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ အတူ အိပ်ဖို့ စိတ်ကူးရှိပါသလားဆိုတဲ့ မေးခွန်းပါ။
တစ်ရာခိုင်နှုန်းက ဟင့်အင်းလို့ ဖြေတယ်။
နှစ်ရာခိုင်နှုန်းက အင်းလို့ ဖြေတယ်။
အဲ ၉၇ ရာခိုင်နှုန်းကတော့ ဘယ်တော့မှ ထပ်မအိပ်တော့ဘူးလို့ ဖြေပါတယ်။


No comments:

Post a Comment

Print Friendly and PDF