Tuesday 8 November 2011

ရယ်ချင်ရင်ဖတ်ကြည့်ကြနော်။ (၂)

ဥာဏ်ကြီးရှင်ဖေဖေ
ရုံးမှာ အချိန်ပိုလုပ်ရသောကြောင့် နောက်ကျမှ ပြန်ရောက်လာသည့် အဖေဖြစ်သူကို သားငယ်က မေးသည်။
“လမင်းဟာဘာဖြစ်လို့အကြီးကြီးဖြစ်နေတာလဲဟင်”
“လမင်းဟုတ်လား၊ မသိပါဘူးသားရယ်”
“ကြယ်တွေကျတော့သေးသေးလေးနော်….ဘာဖြစ်လို့လဲဖေဖေ”
“ကြယ်တွေဟုတ်လား၊ အင်း မပြောတတ်ပါဘူးကွာ”
“ဖေဖေ၊ ဘာဖြစ်လို့..”
အမေက၀င်ပြောသည်။ “ဟဲ့သား၊ဖေဖေပင်ပန်းလာတယ်လေကွယ်။ နားပါစေ။ မေးခွန်းတွေထုတ်မနေစမ်းနဲ့”
“မေးစမ်းပါစေကွာ၊ ကလေးကို အဖေကမှ မရှင်းပြရင် ဘယ်သူရှင်းပြမလဲ။ မဟုတ်ဘူးလား ။”

စိတ်ဆိုးစရာလား

ဘာလို့အလုပ်ကထွက်လာတာလဲ”
“သူဌေးကအပြောအဆိုမတတ်လို့ပါ”
“ဟေ ဘယ်လိုပြောလို့လဲ”
“ကျွန်မကိုသိပ်လှတာပဲတဲ့”
“ဒါလောက်ကလေးပြောတာနဲ့စိတ်ဆိုးရသလား”
“ကျွန်မက စိတ်မဆိုးပါဘူး၊ သူ့မိန်းမစိတ်ဆိုးသွားတာ၊ သူ့မိန်းမရှေ့ပြောတာကိုး”

မေ့များသွားပလားကွယ်

ဆေးရုံပေါ်တွင် ဝေဒနာခံစားနေရသော ခင်ပွန်းသည်က
ဇနီးအား ညည်းညည်းညူညူဖြင့် -
“ မိန်းမရေ ငါတော့ ဒီတောင်ကို ကျော်နိုင်တော့မယ် မထင်ဘူး”
“အားတင်းထား ယောက်ျားရေ။ ဒီတောင်တင်မကဘူး၊ နောက်ထပ်တောင်တွေ ထောင်ချီကျော်ရဦးမှာ”
“ဘာဖြစ်လို့လဲကွ”
“ရှင်ပဲ အကြွေးတွေဆပ်လို့ မကျေမချင်း မသေနိုင်ဘူးဆို”
“ဂစ်….ဂစ်….ဂစ်”

စောစောက ပြောရောပေါ့

မျက်မှန်အရောင်းဆိုင် တစ်ဆိုင်တွင် မျက်မှန်ကျွမ်းကျင်သူက -
“အန်ကယ့်ရှေ့တည့်တည့်နံရံပေါ်က စာတွေဖတ်ပြပါ”
“ x x x x x x x ”
“ဒါဆို ဘယ်ဘက်မျက်လုံးကို လက်ဝါးနဲ့ပိတ်ပြီး ညာဘက်မျက်လုံးနဲ့ ဖတ်ပြပါဦး”
“ x x x x x x x ”
“ဟုတ်ပြီ။ ညာဘက်မျက်လုံးလေးကို ပိတ်ပြီး ဘယ်ဘက်မျက်လုံးနဲ့ တစ်လှည့် ဖတ်ကြည့်ပါဦး”
“ကျွန်တော့် ဘယ်ဘက်မျက်လုံးက အတုကြီးဆရာ”
“ဟိုက်”

ချောကလက် စားဖူးသလား

ဆေးထိုးခံရမှာကြောက်၍ မိခင်အား ဖက်တွယ်ထားသည့် ကလေးငယ်ကို ဆရာဝန်ကြီးက ချော့မော့စဉ် -
“သားသားကို ဆေးထိုးပြီးရင် ဘဘမုန့်တွေ အများကြီးကျွေးမယ်။ ဘာမုန့်ကြိုက်သလဲ ပြော”
“ချောကလက်”
“ဟုတ်ပြီ.. သားကြိုက်တဲ့ ချောကလက်က ဘာအရောင်ရှိလဲကွ”
“အညိုရောင်”
“နောက်ပြီး အရသာ ဘယ်လိုနေလဲ”
ထိုအခါ သားက မိခင်ဖြစ်သူကို ပြောလိုက်သည့်စကားကြောင့် ဆရာဝန်ကြီးခမျာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
“မေမေ ဘဘဆရာဝန်ကြီးက ချောကလက်တစ်ခါမှ မစားဖူးဘူးနဲ့ တူတယ်”

မေ့တတ်ပုံက အဆန်းတကြယ်

အထူးကုဆရာဝန်ကြီးထံ လူနာတစ်ဦးရောက်လာပြီး
“ အခုတလော ကျွန်တော်သတိမကြာခဏမေ့လို့ စမ်းသပ်ပေးပါဦး ဆရာ”
“မေ့ပုံမေ့နည်းဖြစ်စဉ်လေး ရှင်းပြပါဦး”
“ကိစ္စတိုင်းတော့မဟုတ်ဘူး ဆရာ၊ တစ်ခုတည်းပါ”
“ဆန်းလှချည်လား ဘာအကြောင်းလဲ ပြောပါဦး”
“အကြွေးလာတောင်းကြတဲ့အခါ”
“ဟိုက်”

အာဂ ယမကာလုလင်
အရက်စွဲ၍ အရက်ကြောင်နေသော လူနာတစ်ဦး ဆေးခန်းလာပြစဉ် ဆရာဝန်က
“ ခင်ဗျား ဒီလိုအရက် ဆက်သောက်နေရင် သေမင်းဆီ တဖြည်းဖြည်းသွားနေသလိုပဲမှတ် ”
“ ဒါဆို ဟန်ကျလိုက်တာ ဆရာရယ် ”
“ သေမင်းဆီသွားရမှာကို ဘာလို့ ဟန်ကျတာလဲဗျ ”
“ ဟုတ်ကဲ့ဆရာ..ကျွန်တော်ကလည်း ဖြည်းဖြည်းပဲသွားချင်တာပါ။ အမြန်သွားဖို့ စိတ်ကူးမရှိလို့ပါ ”
“ ဟိုက် ”

အရေးပေါ် ဖုန်းဆက်လိုက်ရမလား
ဇနီးမောင်နှံနှစ်ဦး အဖြစ်ကား -
“ရှင့်အသက်အရွယ်နဲ့ MP3 ဘာလို့ဝယ်လာတာလဲ”
“တေးဂီတနားထောင်တာဟာ နှလုံးရောဂါ ဖြစ်နိုင်ချေကို နိမ့်ကျစေတယ်တဲ့ကွ”
“ဟုတ်လား ဒါဆို ကျွန်မအရင် နားထောင်မယ် . . . ပေး”
“ဒီလောက်အဖြစ်သည်းနေရင်ရော့ . . နားထောင်”
“ရွဲလို့ရွဲ . .ကွဲလို့ကွဲ . . တွဲလို့တွဲ”
“ဂစ် . .ဂစ် . . ဂစ်”

ကိုယ့်မိန်းမအကြောင်း ကိုယ်အသိဆုံးပါ
"ခင်ဗျားမိန်းမကို လူတစ်ယောက်နမ်းဖို့ကြိုးစာနေတာ ခုနကပဲ ကျွန်တော်တွေ့ခဲ့တယ်ဗျ"
"ဟုတ်လား၊ သူကြိုးစားတာအောင်မြင်သွားလား"
"ဟင့်အင်း"
"အဲဒါဆို ကျွန်တော့်မိန်းမ မဖြစ်နိုင်ဘူး"

သစ္စာဖေါက်ရပုံ
ယောက်ျားအပေါ် သစ္စာဖေါက်ရပုံအကြောင်းကို မိန်းမက ရှင်းပြနေသည်။
"ပိန်ချုံးပြီး ထမင်းဆာနေတဲ့ လူတစ်ယောက် ရောက်လာတယ်၊ ကျွန်မ သူ့ကို သနားသွားတယ်၊ ဒါနဲ့ သူ့ကို ရေချိုးခိုင်းပြီး အစာကျွေးလိုက်တယ်၊ အ၀တ်အစားလည်း ဆင်ပေးလိုက်တယ်။ သူက ကျေးဇူးတင် စကားပြောတယ်၊ တစ်ဆက်တည်းက အစ်မကြီးရဲ့ ယောက်ျား အသုံးမပြုတဲ့ ပစ္စည်းရှိသလားလို့ မေးတယ်။ အဲဒီမှာ ရှင်ကျွန်မရဲ့ ကိုယ်ခန္ဓာကို အသုံးမပြုတာ ကြာပြီပဲလို့ သတိရလိုက်တယ်"

သွက်လက်ချက်ချာသူလေး
အိမ်ရှင် - ဟဲ့ကောင်မလေး၊ အိမ်မှာ ဧည့်သည်တွေရှိရင် နင့်ကိုငါ “အက်စတာ” လို့ခေါ်မယ် မှတ်ထား။
အိမ်ဖော် - ဟုတ်ကဲ့ မေမေကြီး၊ ဒါထက် အိမ်မှာ ဧည့်သည်တွေ ရှိနေရင် ကျွန်မကရော မေမေကြီးကို ဘယ်လို ခေါ်ရမှာလဲ။
အိမ်ရှင်အမျိုးသမီးကြီး - ဟယ်. . ခွေးမ။
အိမ်ဖော် - ကောင်းပါပြီ မေမေကြီး။

သနားချစ်လေလား
လူငယ်တစ်ယောက်က သူ့ချစ်သူကို အိမ်သို့ခေါ်လာခဲ့သည်။ သူငယ်မအား လူငယ်၏ ဖခင်က မြင်လိုက်သည့်အခါအလွန် အလွန် တုန်လှုပ်သွား၏။ ထို့ကြောင့် သူ့သားကို အခန်းထဲသို့ ခေါ်သွားပြီး တီးတိုးပြောသည်။
"ဒီလောက် အရုပ်ဆိုးတဲ့ မိန်းကလေးကို ဖေဖေတစ်ခါအမှ မမြင်ဖူးဘူး။ မေးစေ့မှာ အမွှေးတွေနဲ့။ မျက်စိက စွေနေသေးတယ်။ သွားကခေါခေါ။ လက်တစ်ဖက်က သိမ်နေလိုက်သေးရဲ့"
သည်တော့ သားက . .
“ဖေဖေ တိုးတိုး ပြောစရာ မလိုပါဘူး။ သူက နားလည်းကန်းနေသေးတယ်။ ဖေဖေရဲ့။ သနားစရာ လေးပါဗျာ”

သားတို့လုပ်စရာမလိုတော့ဘူး

အစ်ကိုဖြစ်သူက ညီဖြစ်သူကို ကွန်ပျူတာသင်ပေးရင်း စိတ်မရှည်တော့သဖြင့် အော်၍..
“ဟေ့ကောင်၊ cancel လုပ်ဖို့ပြောနေတာ cancel…cancel”
ထိုစဉ် အိမ်ရှေ့ခန်းတွင် သတင်းစာဖတ်နေသော အဖေက
“သားကြီးရေ၊ ညီလေးကို အဲဒီလောက် မခိုင်းပါနဲ့ကွာ။
မနေ့ကပဲ ကန်ထဲက နွံတွေရော အကုန်ဆယ်ပြီး ဆေးခိုင်းထားသေးတယ်”

ခက်ခဲတဲ့ ပုစ္ဆာ

ကိုချူချာ ဘူမိဗေဒသမားကိုမေးသည်။
“ကျွန်တော့်လက်ထဲမှာ ငါးဘယ်နှစ်ကောင်ရှိတယ် ဆိုတာပြောနိုင်ရင် နှစ်ကောင်စလုံးကိုပေးမယ်။”
“နှစ်ကောင်။”
“ခင်ဗျား အကြားအမြင်ရတဲ့ လူထင်တယ်၊မှန်တယ်ဗျ ရော့…ယူ။”

No comments:

Post a Comment

Print Friendly and PDF