Wednesday 30 November 2011

ဟာသကြိုက်သူများ

♦ ကောင်းလိုက်တဲ့ ဥာဏ် ♦
တပ်ခွဲမှူးအရာရှိ။ ။  ”ပထမနှစ်သင်တန်းကိုင်တဲ့ နောက်ဆုံးနှစ် ဗိုလ်လောင်းတာဝန်ကျရှိသလား..”
ဗိုလ်လောင်းတာဝန်ကျ။ ။  ”ဟုတ်ကဲ့...ရှိပါတယ် ဗိုလ်ကြီး..”
တပ်ခွဲမှူးအရာရှိ။ ။ ”အေး..မင်းကိုခေါ်လိုက်ရတာ အကြောင်းကိစ္စတစ်ခုရှိလို့ကွ။ ပထမနှစ်ဗိုလ်လောင်းမောင်မောင်ရဲ့
အဖေ ဒီနေ့ဆုံးတယ်လို့ ကြေးနန်းဝင်လာတယ်။ အဲဒါ ပထမနှစ်ဗိုလ်လောင်းလည်း ၀မ်းမနည်းရအောင်၊ စိတ်ထိခိုက်မှု
မရှိအောင် သွယ်ဝိုက်ပြီး ပြောလိုက်ကွာ..”
ဗိုလ်လောင်းတာဝန်ကျ။ ။  ”ဟုတ်ကဲ့..ဗိုလ်ကြီး ”
ထို့နောက် နောက်ဆုံးနှစ် ဗိုလ်လောင်းတာဝန်ကျက ပထမနှစ်အခန်းသို့လာ၍ -

ဗိုလ်လောင်းတာဝန်ကျ။ ။  ”ပထမနှစ်တွေအားလုံး တစ်ယောက်တန်း တန်းစီ.....ပထမနှစ်တွေ လူစုံပြီလား..”
ပထမနှစ်ဗိုလ်လောင်းများ။ ။  ”ဟုတ်...”

ဗိုလ်လောင်းတာဝန်ကျ။ ။  ”အေး....ဒါဆို အဖေရှိတဲ့သူများ ရှေ့တစ်လှမ်းတက်..”
မောင်မောင်လည်း အများနည်းတူ တစ်လှမ်းတက်လိုက်လေသည်။ ထိုအခါ ဗိုလ်လောင်းတာဝန်ကျ ပြောလိုက်ပုံက-
”မောင်မောင် မင်းမပါဘူး...” ဟူသတည်း။

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦



♦ဇွန်းနဲ့ပဲ သုံးလိုက်တယ်♦
လူတစ်ယောက် စားသောက်ဆိုင်တစ်ဆိုင်မှာ အစားသွားစားတယ်။ အစားစားနေချိန်မှာ မတော်တဆ
ဇွန်းပြုတ်ကျသွားတယ်။ ဘေးမှာရပ်နေတဲ့ စားပွဲထိုးက ချက်ချင်းပဲ ဘောင်းဘီအိတ်ထဲကနေ ဇွန်းတစ်ချောင်း
ထုတ်ပေးတယ်။ ဒါကို သူကတအံ့တသြနဲ့ စားပွဲထိုးကို မေးတယ်။

"ဘာဖြစ်လို့ ဇွန်းကို ဘောင်းဘီအိတ်ထဲ ထည့်ထားရတာလဲ?"

စားပွဲထိုး....
"ကျွန်တော်တို့အထက်က အကြံပေးလူကြီးတွေက ကျွန်တော်တို့ရဲ့အလုပ်ကို ပိုတိုးတက်ကောင်းမွန်အောင်ဆိုပြီး
အပြောင်းအလဲ လုပ်လိုက်တယ်။ စားသုံးသူတွေ မတော်တဆ ဇွန်းပြုတ်ကျသွားရင် ကျွန်တော်တို့ ကိုယ်ပေါ်က
နေ ချက်ချင်းထုတ်ပေးနိုင်အောင် စီစဉ်ထားတယ်။ ဒီလိုပြောင်းလဲလိုက်တာနဲ့ အလုပ်ရဲ့တိုးတက်နှုန်းက ၃၁%
ရှိသွားပါတယ်။ ဒါဟာ မီးဖိုထဲထိ ဇွန်းသွားယူမယ့် အသွားအလာချိန်ကို သက်သာစေပါတယ်"

"အင်း သိပ်ကောင်းတဲ့ အကြံပါပဲ"

ဒီလိုနဲ့ စားသောက်ပြီးငွေရှင်းဖို့ ကောင်တာဆီ သူသွားလိုက်မယ်။ အဲဒီမှာ စားပွဲထိုးတွေရဲ့ ဘောင်းဘီဇစ်မှာ
ကြိုးတစ်ချောင်းချိတ်ထားတာကို သူတွေ့လိုက်တယ်။ တအံ့တသြနဲ့ သူမေးကြည့်ပြန်တော့ စားပွဲထိုးက...

"အကြံပေးသူတွေက ဇစ်မှာကြိုးချိတ်ထားခြင်းအားဖြင့် ကျွန်တော်တို့ အပေါ့သွားချင်တဲ့အချိန် ဇစ်ကို
လက်နဲ့တိုက်ရိုက် ဆွဲဖွင့်စရာမလိုဘဲ ကြိုးဆွဲလိုက်ရုံနဲ့ရအောင် စီစဉ်ထားပေးပါတယ်။ ဒါဟာ သန့်ရှင်းမှုကို
ပိုဦးစားပေးတယ်လို့ ဆိုပါတယ်"
"အင်း သိပ်ကောင်းတဲ့ အကြံပဲ"

ငွေရှင်းပြီး ကောင်တာက သူလှည့်ထွက်ခါနီးမှာ တစ်ခုခုကို သူသတိရလိုက်တယ်။ ဒီလိုနဲ့ စားပွဲထိုးကို သူပြန်မေး
လိုက်တယ်။ "ဒါနဲ့.. အပေါ့သွားပြီး မင်းတို့ရဲ့ ဟိုဒင်းကို လက်မသုံးဘဲ ဘောင်းဘီထဲ ဘယ်လိုပြန်ထည့်သလဲ?"
"တခြားလူတော့ မပြောတတ်ဘူး.. ကျွန်တော်ကတော့ ဇွန်းနဲ့ပဲ သုံးလိုက်တယ်"

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦



♦မူလတန်း ကျောင်းတစ်ကျောင်းမှာ♦


ဆရာမက ကျောင်းသားတွေကို စက်ပစ္စည်းတစ်ခုခု ယူခိုင်းခဲ့ပြီး အဲဒီပစ္စည်းရဲ့ အသုံးဝင်ပုံကို ရှင်းပြ ခိုင်းပါတယ်။
ကျောင်းသားတစ်ယောက်က ကက်ဆက်ကိုယူလာပြီး"ဒီကက်ဆက်က သီချင်းနားထောင် လို့ ရပါတယ်"လို့ ရှင်းပြ
ပါတယ်။

နောက်တစ်ယောက် က သံဘူးတွေဖွင့်တဲ့ စက်ယူလာပြီး "ဒါက သံဘူးတွေကို ဖွင့်တာပါ"လို့ ဆိုပါတယ်။

ဒါနဲ့ ဂျွန်နီလေးအလှည့်မှာ လက်ထဲ ဘာမှပါမလာတဲ့ ဂျွန်နီလေးကို ဆရာမက ဘာမှယူ မလာဘူးလားလို့မေး
တော့ သူက အတန်းနောက်မှာထားတဲ့ စက်ကို ပြရင်း "ဒါက နှလုံးခုန်စက်ပါ။ ဆေးရုံ တွေမှာ သုံးပါတယ်။

နှလုံးကို ဆက်လက်အလုပ်လုပ်နိုင်အောင် ပြုလုပ် ပေးပါတယ်" လို့ဆိုပါတယ်။
ဆရာမက ဂျွန်နီလေးကို အထင်ကြီးစွာနဲ့ "မင်းဒီစက်ယူလာတော့ မင်းအဖေဘာပြောလဲ" လို့ မေးတော့
ဂျွန်နီလေးက ပြန်ဖြေတာက "အား ..." တဲ့။

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦


နစ်ခ်တစ်ယောက် သူ့သူငယ်ချင်းကို စက်ဘီးအသစ် စီးလာတာမြင်တော့ တအံ့တဩနဲ့
"မင်းဘယ်တုန်းကများ ဒီလောက်ကောင်းတဲ့ စက်ဘီးဝယ် လိုက်တာလဲကွာ"လို့ မေးလိုက် ပါတယ်။

ဒီတော့ သူငယ်ချင်းဖြစ်သူက စက်ဘီးကိုဘယ်လို ရခဲ့သလဲဆိုတာ ပြော ပြပါတယ်။
"မနေ့က ငါလမ်းလျှောက်နေတုန်း စက်ဘီးစီးလာတဲ့ မိန်းမတစ်ယောက် က
ငါ့ရှေ့ရောက် တော့ စက်ဘီးကိုရပ်၊ အဝတ်တွေဆွဲချွတ်ရင်းရှင်ကြိုက် တာယူပါတဲ့။
ဒါနဲ့ ငါလည်းစက်ဘီး ယူခဲ့လိုက်တာ"လို့ပြောတော့ နစ်ခ် ပြန်ပြောတာက
"မင်းတော်တယ်ကွာ... အဝတ်တွေဆို မင်းနဲ့ တော်ချင်မှ တော်မှာကွ"တဲ့

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦
♦သက်သေခံပစ္စည်း♦


အဖွဲ့အစည်းတစ်ခု၏ အတွင်းရေးမှုးထံသို့ အဖွဲ့ဝင်တစ်ယောက်၏ဇနီးရောက်လာပြီး ၄င်း၏ယောင်္ကျားဖောက်ပြန်
နေကြောင်း လာရောက်တိုင်ကြားသည်။

“ဖြစ်နိုင်ပါ့မလားဗျာ။ ကျွန်တော်သိရသလောက် ခင်ဗျားယောင်္ကျားဟာ လူရိုးတစ်ယောက်ပါ”
“အထောက်အထားရှိလို့ ကျွန်မစွပ်စွဲတာပါ” ဟုဆို၍ သူမယောင်္ကျားထံမှ ရရှိထားသော အမျိုးသမီးအတွင်းခံ
ဘောင်းဘီတစ်ထည်ကိုထုတ်ပြသည်။

“ဒါဆိုလည်း အဲဒီဘောင်းဘီထားခဲ့ဗျာ။ သူ့ကိုခေါ်ပြီးမေးကြည့်ပေးမယ်”
ထိုသို့ ကတိပေးပြီးနောက် အတွင်းရေးမှုးသည် ဘောင်းဘီထုပ်ကို အံဆွဲထဲထည့်ထားလိုက်သည်။
ထို့နောက် ကော်မတီဝင်များ လာရောက်မည်ဟု သတင်းရသဖြင့် ၄င်းအထုပ်ကို လက်ဆွဲအိတ်ထဲသို့ ပြောင်းထည့်
လိုက်လေသည်။ ထိုနေ့က အစည်းအဝေးများဖြင့် ပင်ပန်းခဲ့သောအတွင်းရေးမှုးသည် ၄င်းလက်ဆွဲအိတ်ကိုဆွဲ၍
အိမ်ပြန်လေသည်။ အိမ်သို့ရောက်သောအခါ သားဖြစ်သူက ရုပ်ရှင်သွားကြည့်ပါရစေဟု ပူစာလေသည်။
“ဖေဖေ့လက်ဆွဲအိတ်ထဲမှာ ပိုက်ဆံရှိတယ်။ မင်းအမေကို ယူခိုင်းလိုက်”
အတွင်းရေးမှုး၏မိန်းမသည် သားအတွက် ပိုက်ဆံယူရန် အတွင်းရေးမှုး၏လက်ဆွဲအိတ်ကို ဖွင့်လိုက်လေသည်။
အိတ်အတွင်းမှ အထုပ်တစ်ထုပ်ကိုတွေ့၍ ဖွင့်ကြည့်ရာ အတွင်းခံဘောင်းဘီဖြစ်နေသည်ကိုတွေ့ရလေသည်။
အတွင်းရေးမှုး၏ဇနီးသည် ၀မ်းသာအားရလေသံဖြင့်

“ကျွန်မအတွင်းခံဘောင်းဘီပျောက်လို့လိုက်ရှာနေတာ အခုမှပဲ တွေ့တော့တယ်။
ရှင်က လက်ဆွဲအိတ်ထဲ ထည့်ပြီး ယူယူသွားနေတာကိုး”

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦



♦အထူးရေကန်♦

အင်ဂျင်နီယာကို 'နယူးရပ်ရှင်' က ပြောသည်။
"အိမ်ကြီးရဲ့ဘေးက ပန်းခြံထဲမှာ ရေကူးကန်သုံးခု ဆောက်ပေးပါ။ တစ်ခုမှာ ရေနွေးဖြည့်၊ နောက်တစ်ခုမှာ ရေအေး
ဖြည့်ပါ။ အဲ၊ တတိယကန်မှာတော့ ဘာရေမှ မဖြည့်နဲ"
"ရေမပါတဲ့ ရေကူးကန် ဘာလုပ်ဖို့လဲ"
"တချို့အပေါင်းအသင်းတွေ ရေမကူးတက်ဘူးလေ"

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦


♦အတွေးတူလို့♦

သမီးရည်းစားနှစ်ယောက် ပန်းခြံထဲတွင်တစ်ယောက်ကိုတစ်ယောက် ဖက်ကာအတန်ကြာ စကားမပြော
ငြိမ်နေရာမှ-ကောင်မလေးမှ
-အကိုဘာတွေစဉ်းစားနေတာလဲ။ ခင့်ကိုလဲပြောအုံးလေ-
ကောင်လေးမှ- ခင်ကောဘာတွေစဉ်းစားနေတာလဲ..။
ကောင်မလေးမှ - အကိုအရင်ပြော
ကောင်လေးမှ - သြော်..ခင်စဉ်းစားတာကိုပဲ စဉ်းစားနေတာပေါ့။။
ကောင်မလေး - ဟင်း သူနော်ဘာတွေလျှောက်စဉ်းစားမှန်း မသိဘူး သိပ်ညစ်ပတ်တာပဲ။။။။

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦



♦တွေ့လိုက်ရင်ပြီးရော....♦
 ငရဲပြည်တွင်လူနှစ်ယောက်ဆုံကြရာ..တစ်ယောက်က..ခင်ဗျားဘယ်လိုသေတာလဲ။....။
ဒီလိုဗျ ..ကျုပ်မိန်မဗျာ လင်ငယ်နေနေတာ ကျုပ်လက်ပူးလက်ကြပ်အမိဖမ်းတာ..သေတဲ့နေ့က အိမ်ကို
စောပြီးပြန်ရောက်လာတော့ ကောင်မတော်တော်လေး မျက်နှာပျက်နေတာဗျ။ ကျွန်တော်သိတယ် ငနဲအိမ်ထဲ
မှာရှိနေတယ်ဆိုတာ။ တစ်အိမ်လုံး လိုက်ရှာတယ်မတွေ့ဘူး။ ကျွန်တော်လုံးဝမကျေနပ်လို့ကုတင်အောက်ထဲတွေ
ဘီရိုထဲစတိုခန်းထဲ ထပ်ရှာတယ် ခဏခဏရှာတယ်လုံးဝ အဲဒီငနဲကိုမတွေ့ဘူး။ ဒီကောင်အိမ်ထဲရှိနေတယ်
ဆိုတာကျိန်းသေတယ်ဗျာ..ကျွန်တော့်မှာအိမ်ရောက်ပြီး လေးနာရီလောက်မနားတမ်းရှာတာ နောက်ဆုံး
ကျွန်တော့်နှလုံးရောဂါဖောက်ပြီး သေရပါလေရောဗျာ။

နေပါဦး..ခင်ဗျားကရော...။
ထိုလူကခင်ဗျားတော်တော် ဆိုးပါလားဗျာ.ခင်ဗျားရေခဲသေတ္တာကိုသာ ဖွင့်ကြည့်ခဲ့လို့ရှိရင် ကျွန်တော်တို့နှစ်ယောက်
သေစရာမရှိတော့ဘူးပေါ့ဗျာ...

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦



♦တိုက်ဆိုင်လိုက်ပုံများ♦

မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း ?
မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့် ထိုး၍
သ တိ ပေးလိုက် သည်။

ထိုအခါ -
မနီ။ ။" ဘုရားသခင်"
( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲသမီး ?
ဆရာမမေးသည်ကို မနီ မကြား ၊ အိပ်လို့ကောင်းနေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှဘော့ပင်ဖြင့် ထိုး၍ သတိပေးရပြန်သည်။
မနီ။ ။ (လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက်တဖန်အိပ်ပျော်ပြန်လေသည် )
" ဂျီးဆပ် ခရိုက်စ်"

ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက်
ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ????
ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍
သတိပေးလိုက် သည်။ မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုး လာ သဖြင့်
ရုတ်တရတ် ထလိုက် ကာ -

မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်းချိုးပစ်မယ်

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦


♦ဖုံးသံမြည်လာတယ်♦

"ဟယ်လို...မိန်းမလား"
"ရှင်.........."
"မိန်းမလား.........လို့....."
"မဟုတ်ပါဘူးရှင်...ကျွန်မကဒီအိမ်ကအိမ်ဖော်ပါ"
"သြော်...အေးအေး...မင်းမမလေးကော....ရှိလား"
"ဟုတ်..."
"ခေါ်ပေးကွာအရေးကြီးလို့"
"..ရှင်...မမလေးက သူ့အမျိုးသားနဲ့အိပ်နေတယ်..မခေါ်ပေးရဲဘူး"
"ဘာ.....သူ.ယောင်္ကျားနဲ့ဟုတ်လား..."
"အင်းလေ..ဟုတ်ဘူးလား"
"ဒီမှာငါကမှ..သူ.ယောင်္ကျား...မှတ်ထား. ကောင်မက တော်တော်လင်ပေါနေတယ် မှတ်တယ်...
ခုလင်ငယ်နဲ့ အိပ်နေတယ်ပေါ့.........
တောက်...သေမယ့်သာမှတ်...
ဟေ့...ဟေ့..ဒီမှာ...မင်းအခုချက်ချင်း အခန်းထဲဝင်ပြီး..ကောင်မကိုကောအကောင်ကိုကော..သတ်ပစ်စမ်းကွာ.."
အိမ်ဖော်မလေး..ဆတ်ခနဲတုန်သွားပြီးမှ.....
"ရှင်..!!!! ...မ...မ..လုပ်ပါရစေနဲ့ရှင်"
"တောက်...နင်ပါသေချင်လို့လား...ငါအခုပြန်လာလိုက်ရ..
၃ လောင်းပြိုင်ဖြစ်သွားမယ်...နားလည်လား..သွားစမ်း သွားစမ်း
အံဆွဲထဲမှာသေနတ်ရှိတယ်...နှစ်ယောက်စလုံးကိုပစ်သတ်..
ကြားလား...ဖြစ်သမျှငါရှင်းမယ်..သွားပစ်လိုက်စမ်း"
"ဟို... ဟိုလေ......."
"ဟိုလေ ဒီလေလုပ်မနေနဲ့..ဘာလဲ..နင်ပါသေချင်လို့လား"
"မဟုတ်ပါဘူးရှင်....သ.သ..သွားပါ့မယ်.........."
ခဏအကြာ....ဒိုင်းခနဲ သေနတ်သံနှစ်ချက်ကြားလိုက်ရသည်။
"ပြီး..ပြီးပြီ..ဘာ..ဘာဆက်လုပ်ရမှာလဲဟင်....."
"အေး...ပြီးရင်..ဂုန်နီအိတ်နဲ့ထုပ်ပြီး...အိမ်ရှေ့ယူလာခဲ့
ပြီးရင်ပြော.."
အနည်းငယ်ကြာပြီးနောက်.....
"ပြီးပြီ...ဆက်ပြော..."
"ပြီးရင်....အိမ်ရှေ့ကရေကန်ထဲခဏချထား...ငါပြန်လာမယ်...ကြားလား"
"ရှင်...ဘာကြီး.........."
"ရေကန်ဟေ့...ရေကန်...နားလေးနေလား..ငါဒေါသထွက်နေရတဲ့ အထဲ"
"ဟို..ဟိုလေ...အိမ်ရှေ့မှာရေကန်မရှိဘူးရှင့်"
"ဘာ...ဟုတ်လို့လား"
"ဟုတ်....ဟုတ်..."
"ဒါ..ဒါဖြင့်.phone နံပါတ်ကကော..ဟင်..."
"524895 လေ...."
"ဗျာ......အဟင်း..ဘယ်လိုပြောရမလဲ.....sorry ပေါ့နော်..အဟင်း
ဟို..ဟိုလေ...phone မှားသွားလို့..သိလား...ဒါပဲနော်"

No comments:

Post a Comment

Print Friendly and PDF